မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်ကောင်းပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်ကောင်းပါတယ်


မြန်မာနိုင်ငံအတွင်းမှာ NLD အစွန်းရောက်များက အကြမ်းဖက်လှုံ့ဆော်သူများဖြစ်လာတယ်။ အကြမ်းဖက်သမားများ ဖြစ်လာတယ်။ နောက်ဆုံးတော့ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေကြတဲ့ ငမိုက်သားတွေ ဖြစ်လာတယ်။ အဲဒီ NLD အစွန်းရောက်တွေ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နိုင်ဖို့ကို နောက်ကွယ်ကနေ ဘယ်သူတွေက ထောက်ပံ့ပေးနေသလဲ ဆိုတဲ့ အဖြေကလည်း ရှင်းပါတယ်။ အမေရိကန်နဲ့ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတွေပဲ ဖြစ်ပါတယ်။

ဒီလို တိတိကျကျ ဘာကြောင့်ပြောနိုင်သလဲဆိုရင် NLD အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေက သက်သေခံနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဘင်္ဂါလီများကို (ရိုလိမ်ညာ)အမည်နဲ့ အသိအမှတ်ပြုဖို့ အစဉ်သဖြင့် တွန်းအားပေးခဲ့တာက အိုအိုင်စီဖြစ်ပါတယ်။ NLD အစွန်းရောက်များဖွဲ့စည်းထားတဲ့ NUG အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂါလီများကို (ရိုလိမ်ညာ)အမည်နဲ့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသည်အထိ အများပြည်သူလက်မခံနိုင်တဲ့ လုပ်ရပ်ကို မိုက်မိုက်မဲမဲ လုပ်ဆောင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ လူမျိုးလိမ်ခေါင်းစဉ်နဲ့ ငွေကြေးအထောက်အပံ့ ရနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။

ရိုလိမ်ညာ ခေါင်းစဉ်အတွက် ခေါင်းကိုင်ဖခင်ကလည်း အမေရိကန်ပဲ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ လက်ပါးစေ မီဒီယာတွေဖြစ်တဲ့ VOA, RFA တို့က ဦးဆောင်ပြီး ပြည်ဖျက်နိုင်ငံရေးသမား၊ ပြည်ဖျက်မီဒီယာအားလုံးဟာ ဝေစားမျှစား လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကူညီပံ့ပိုးမှု ပမာဏတွေကို တိတိကျကျ မပြောနိုင်သည့်တိုင်အောင် အကြမ်းဖက်လှုံ့ဆော်သူတစ်ဦးဖြစ်တဲ့ ပြည်ပြေး ဝရမ်းပြေး မင်းကိုနိုင်ရဲ့ ပြောဆိုမှုမှတ်တမ်းတစ်ခုမှာ အမေရိကန်က ယူကရိန်းကို ကူညီပံ့ပိုးပေးနေတာရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ပံ့ပိုးပါ။ တော်လှန်ရေးကြီးကို နိုင်အောင် တိုက်လို့ရတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများကတော့ ပြည်ပအထောက်အပံ့တွေကို ရနိုင်သမျှ ရအောင် ရှာမယ်။ ကူညီထောက်ပံ့သူတွေ အလိုကျ ဖြစ်စေဖို့ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်မယ်။ ပြည်ပြေး ဝရမ်းပြေးတွေဖြစ်တဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ဇော်ဝေစိုး၊ ဇင်မာအောင်၊ အောင်ကြည်ညွန့် တို့ရဲ့ သြဇာခံ PDF အမည်ခံ အကြမ်းဖက်အုပ်စုတွေက ရှိနေပါတယ်။ မင်းကိုနိုင်က သူသတ်စေချင်တဲ့ သူတွေကို စာရင်းပြုစုပေးထားတယ်။ PDF အမည်ခံ လက်မရွံ့အကြမ်းဖက်သမားများက လိုက်သတ်ပေးတယ်။ ထိုနည်းတူစွာ ဇင်မာအောင်ရဲ့ သြဇာခံ အကြမ်းဖက်အဖွဲ့က လက်နက်တွေ လိုက်လံပို့ဆောင်ပေးတယ်။ မျိုးရန်နောင်သိန်းရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများ ရန်ကုန်မြို့မှာ အခွန်ရုံးကို ဗုံးခွဲတိုက်ခိုက်ရင်း ဖမ်းဆီးခံခဲ့ရတာတွေကို သိကြပြီး ဖြစ်ပါလိမ့်မယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်ခြင်းခံရပြီဆိုရင် သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေက လုပ်ကြံဖန်တီးရေးသားဖော်ပြပုံက ပျူစောထီးမို့လို့ သတ်လိုက်ပါတယ်။ စစ်တပ်ကို ထောက်ခံသူမို့လို့ သတ်လိုက်ပါတယ်လို့ ဝါဒဖြန့်ကြပါတယ်။ နီပိန်းတွေမှာလည်း ဝမ်းသာအားရ အောင်ပွဲခံကြပါတယ်။

ရက်စက်မှုအပေါင်း သရဖူးဆောင်းနေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်သမားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိမ်နင်းရတဲ့အခါမှာရော နီပိန်းတွေ မသေပဲ နေမလား။ သေနေကြရတာပါပဲ။ သို့သော် ပြည်ဖျက်မီဒီယာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိမ်နင်းလို့ PDF အမည်ခံ အကြမ်းဖက်သမားတွေ သေတဲ့အခါကြတော့ တပ်မတော်သားတွေပဲ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေသလိုလို လုပ်ကြံဖန်တီး ရေးသားဖော်ပြကြပြန်ပါတယ်။ 

နှိုင်းချိန်ကြည့်ရင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အပြစ်မဲ့ ပြည်သူကို အကြောင်းမဲ့ သတ်ဖြတ်တယ်ဆိုတာ မရှိပါဘူး။ နီပိန်း PDF အမည်ခံ အကြမ်းဖက်သမားများကိုပင် ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့၊ လက်နက်တွေ အပ်နှံဖို့ အစဉ်သဖြင့် ဖိတ်ခေါ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ နီပိန်း PDF အကြမ်းဖက်သမားတွေက KIA ထံမှာ တပည့်ခံပြီး မိုက်လုံးထွား၊ KNU, KNLA ထံမှာ တပည့်ခံပြီး အဖျက်အမှောင့် လုပ်ငန်းတွေ အစဉ်သဖြင့် လုပ်ဆောင်နေခြင်းကြောင့် မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရတဲ့ အခြေအနေကိုလည်း အားလုံး တွက်ဆမိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေမှာ နီပိန်း PDF အမည်ခံ အကြမ်းဖက်မသားတွေရဲ့ သတ်ဖြတ်မှုကြောင့် သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အပြစ်မဲ့ ပြည်သူများ သေဆုံးရတဲ့ ပမာဏဟာ သုံးနှစ်ကျော်ကြာ ကာလကို ရောက်ရှိလာချိန်မှာ ၈၆၀၀ ကျော်အထိ ရှိလာပါပြီ။ CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ ထုတ်ပြန်ချက်များအရ သူတို့ရဲ့ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်သမားများလည်း ၄၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒီအခင်းအကျင်းမှာ နီပိန်း PDF အကြမ်းဖက်သမားတွေ သတ်လို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သေဆုံး၊ လမ်းတံတားတွေ၊ တာဝါတိုင်တွေကို နီပိန်း PDF အကြမ်းဖက်သမားတွေက ဖျက်ဆီးနေတာလည်း ပြုပြင်လို့ကို မနိုင်ပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မဖြစ်မနေ ပြန်လည်နှိမ်နင်းရတဲ့အခါကြတော့ နီပိန်း PDF အကြမ်းဖက်သမားတွေ သေဆုံးရတယ်။ အလုံးစုံသော နစ်နာဆုံးရှုံးမှုတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ နစ်နာဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများကတော့ မြန်မာနိုင်ငံသားတွေရဲ့ အသက်ကို ရောင်းပြီး ဒေါ်လာတောင်းစားနေတယ်လို့ ဆိုရလောက်အောင်ပင် နိုင်ငံတကာက အထောက်အပံ့တွေနဲ့ သူတို့ရောက်ရှိ ခိုလှုံနေတဲ့ တိုင်းပြည်များမှာ နိုင်ငံသားခံယူခွင့်ရတယ်။ ခြံတွေဝယ်၊ အိမ်တွေဝယ်နဲ့ ကြီးပွားချမ်းသာနေကြတယ်။

ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ချက်ကြောင့် တိုင်းပြည်မှာတော့ ကမောက်ကမ ဖြစ်ခဲ့ရပြီ။ ဒီနေရာမှာ စာရေးသူအနေနဲ့ တိုက်တွန်းချင်တာက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို သူတောင်ကောင်းကြီးတွေလို့ ထင်ပြီး ရောယောင် ပေါကြောင် ပြည်ဖျက်မိစ္ဆာများရဲ့ အလိုကျ နိုင်ငံရေးလှုံ့ဆော်မှုတွေ လုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေ ရှိခဲ့တယ်။ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့ကြတယ်။ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့ခဲ့ကြတယ်။

အဲဒီလို လုပ်ခဲ့တဲ့ အနုပညာရှင်တွေကို နိုင်ငံတော်က ထိန်းသိမ်းခဲ့သော်လည်း ငဲ့ညှာသောအားဖြင့်၊ နိုင်ငံတော် တည်ဆောက်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်အောင် စွဲဆိုထားတဲ့ အမှုတွေကို ဖြေလျှော့ပေးခဲ့တယ်။ လွတ်ငြိမ်းပေးခဲ့တယ်။ ထိုသို့ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာကြသော အနုပညာရှင်များဟာ ဆိုရင်ဖြင့် ယနေ့အချိန်မှာ သူတို့ရဲ့ လုပ်ငန်းတွေကိုတောင် ပြန်လည်လုပ်ကိုင်နေကြပါပြီ။ ယနေ့ အချိန်အထိ နိုင်ငံတော်တည်ဆောက်ရေးမှာ ထင်ထင်ရှားရှား ရပ်တည်ဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။

စာရေးသူအနေနဲ့က အနုပညာရှင်များကိုသာ ပစ်မှတ်ထားပြီး ပြောဆိုနေခြင်းမျိုး မဟုတ်ပါဘူး။ နယ်ပယ်စုံက ထင်ရှားကျော်ကြားသော လူပုဂ္ဂိုလ်များကို မေတ္တာရပ်ခံ လိုပါတယ်ဗျာ။ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်စုံက ထင်ရှား ကျော်ကြားသူများ အနေနဲ့ ယနေ့ တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ သေဆုံးနေရတဲ့အပေါ်မှာ အားလုံးက ဝိုင်းဝန်း ကယ်တင်သင့်တယ်လို့ မြင်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများက မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်တွေကို အသုံးချပြီးတော့ပဲ လှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေဟာ ကျည်လွတ်မြေမှာ နေပြီး ပြည်သူတွေရဲ့ အသက်ကို ရောင်းစားနေကြတာ။ သူတို့က လေပဲ စိုက်ရတာ ဖြစ်ပါတယ်။

နယ်ပယ်စုံက ထင်ရှားကျော်သားသူများအနေနဲ့ ကိုယ့်ပြည်တွင်းမှာ ယခုကဲ့သို့ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းနဲ့ နီပိန်းများကိုလည်း ဆက်ပြီး မိုက်လုံးမထွားဖို့၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများလည်း အကြမ်းဖက်ဘေးအန္တရာယ် ကင်းစေဖို့ လေပဲစိုက်ဖို့ လိုပါတယ်။ မလုပ်သင့်တာတွေ မလုပ်ကြဖို့၊ အမှန်နဲ့ အမှားကို ကွဲကွဲပြားပြားသိစေဖို့၊ အမှားကို အမှန်ထင်နေသူတွေ ဥပဒေဘောင်အတွင်း ရောက်ရှိလာစေဖို့ ဝိုင်းဝန်း တိုက်တွန်း ပြောဆို အကြံပြုခြင်းအားဖြင့် အကြမ်းဖက်သမားတွေကို ကယ်တင်ရာရောက်သလို၊ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် သေရမယ့် အပြစ်မဲ့ (လက်နက်မဲ့) ရဟန်းရှင်လူ ပြည်သူတွေ ရဲ့ အသက်ကို ကယ်တင်ရာရောက်ပါတယ်။ 


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)