ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက်




ကျိုင်းတုံ  ၊ ဇွန်  ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တရားဥပဒေစိုးမိုးရေးအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့က ကျိုင်းတုံမြို့ ယန်းကျိန်အုပ်စု၊ ယန်းကျိန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရပ်ကွက်/ကျေးရွာလုံခြုံအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအမှားအမှန် ခွဲခြားသိရှိနိုင်စေရေး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့်ပညာရေးအစရှိသောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြကာ ဒေသခံများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။


ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေသခံပြည်သူများသို့ Unique Identification Number (UID) ကတ်များဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦစီးဌာနမှ မွေးမြူရေးလုပ်ငန်းသုံးပိုးသတ်ဆေးများ၊ အနာဖျန်းဆေးများထောက်ပံ့ပေးခြင်း၊ ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများသို့ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုင်းရွှေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)