ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်



ပဲခူး၊ ဇွန် ၁၇   

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ပဲခူး-သနပ်ပင်ကျုံးပတ်လမ်းဘေ၌ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။     

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက ယနေ့ကမ္ဘာပေါ်မှာ သစ်ပင်စိုက်ခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်လာပြီး ကမ္ဘာ့ပတ်ဝန်းကျင်ယိုယွင်းလာမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကျွန်မတို့လူသားတိုင်းရဲ့ တာဝန်သာဖြစ်ကြောင်း၊ ဒါကြောင့် ဇူလိုင်(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဖွဲ့ချုပ်မှချမှတ်ထားသည့်လုပ်ငန်းစဥ်နှင့် ရှေ့လုပ်ငန်းစဥ်များထဲမှ တစ်ခုဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို စဥ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် စိမ်းလန်းတဲ့သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးချင်တဲ့ရည်ရွယ်ချက်ဖြင့် ယခုလိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ "သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်" ဟူသော ဆိုရိုးစကားအတိုင်း သစ်ပင်များကို ကိုယ်တိုင်ကိုယ်ကျပါဝင်စိုက်ပျိုးကြပါ၊ စိုက်ပျိုးပြီးသစ်ပင်များကိုလည်း ရှင်သန်ကြီးထွားလာအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း အမှာစကားပြောကြားသည်။ 

ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်က သစ်ပင်များစိုက်ပျိုးရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များသို့ သစ်ပင်များပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်ဦးဆောင်၍ အစိုးရအဖွဲ့ဝင်ဝန်​ကြီးများ၏ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့် တိုင်းဒေသကြီး​အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သတ်မှတ်နေရာများတွင် ခရေ၊ ကံ့ကော်၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ပျဥ်းမ၊ သပြေဘူတ၊ ငုရွှေဝါစသည့် သစ်ပင်ပေါင်း(၂၁၀)ပင်များအား စုပေါင်စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)