ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အရှေ့ဖွားစောကျေးရွာ ရွာတွင်းလမ်းများပြုပြင်ဖောက်လုပ်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အရှေ့ဖွားစောကျေးရွာ ရွာတွင်းလမ်းများပြုပြင်ဖောက်လုပ်မှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အရှေ့ဖွားစောကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားရာလမ်းပြုပြင်ဖောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်သက်ရောက်မှုဆန်းစစ်ချက် (HIA)နှင့်အညီ ကျေးရွာတွင်းလမ်းများကို သတ်မှတ်လျာထားချက်အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လမ်းပိုင်း၏အချို့နေရာများတွင် သတ်မှတ်အကျယ်ရရှိရေး ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားသည်။

အဆိုပါ လမ်းဖောက်လုပ်ရာတွင် ပေ ၅၀ အရှည် ရေကျော် တစ်စင်း၊ ပေ ၈၀ အရှည် ရေကျော်တစ်စင်းနှင့် ပေ ၁၅၀ အရှည် ရေကျော်တစ်စင်းထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာ(Smart Village) အဖြစ် ဆောင်ရွက်ပေးထားသော မြင်းကပါကျေးရွာ၌ ရွာတွင်းလမ်းများဖောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီအောင်ဆောင်ရွက်ရေးမှာကြားသည်။

အဆိုပါ မြင်းကပါကျေးရွာတွင်းလမ်းများကို ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် ရပ်ကွက်ခြောက်ခု၊ အိမ်ခြေ ၁၁၅၁ အိမ်၊ လူဦးရေ ၅၂၆၃ ဦးကို အကျိုးပြုမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာအဝင်လမ်း ဖောက်လုပ်ပေးရန်အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ယင်းလမ်းပေါ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော အရှည်ပေ ၆၀၊ အကျယ်ပေ ၂၀ ရေကျော် အမှတ် (၁) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆက်လက်ပြုပြင်ဆောင်ရွက်ပေးရမည့် မင်းနန်သူကျေးရွာအဝင်လမ်းနှင့် ရွာတွင်းလမ်းများကိုလည်းကောင်း၊ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်းကိုလည်းကောင်း၊ အနောက်ဖွားစော ကျေးရွာအဝင်လမ်းကိုလည်းကောင်း၊ တောင်ဘီကျေးရွာတွင်းလမ်းများကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကုန်းတန်းကြီးကျေးရွာ အဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တောင်ခွင်ကျေးရွာ အဝင်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ အရည်အသွေးပြည့်ဝသော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ ယွန်း ထည်လုပ်ငန်းအဆင့်ဆင့်ထုတ်လုပ်ပုံကို လက်တွေ့သရုပ်ပြသည့် နည်းစဉ်ခန်းမနှင့် စာပေပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)