မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင်များအတွက် ဆန်အိတ်များ‌ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင်များအတွက် ဆန်အိတ်များ‌ ထောက်ပံ့ပေးအပ်


နေပြည်တော်၊ ဇွန် ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ အိမ်ထောင်စုဝင်များ စားရေးအထောက်အကူဖြစ်စေရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇွန် ၂၂ ရက်တွင် မောင်တောမြို့ရှိ ရပ်ကွက်နေဒေသခံပြည်သူများထံ ဆန်အိတ် များကို လက်ဝယ်အရောက် ထောက်ပံ့ပို့ဆောင်ပေးခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင်တောမြို့၊ ရပ်ကွက်(၁)ရှိ အိမ်ထောင်စု ၁၉၀ စု၊ ရပ်ကွက်(၂)ရှိ အိမ်ထောင်စု ၆၁၃ စု၊ ရပ်ကွက်(၃)ရှိ အိမ်ထောင်စု ၁၀၄ စု၊ ရပ်ကွက်(၄)ရှိ အိမ်ထောင်စု ၁၈၇ စု၊ ကညင်တန်းရပ်ကွက်ရှိ အိမ်ထောင်စု ၆၀၆ စုနှင့် မောင်နီရပ်ကွက်ရှိ အိမ်ထောင်စု ၃၁၉ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၀၁၉ စုတို့အတွက်  အိမ်ထောင်စု ၁ စုလျှင် ဆန်အိတ် ၁ အိတ်နှုန်းဖြင့် ဆန်အိမ်ပေါင်း ၂၀၁၉ အိတ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)