သံဃာတော်များ လမ်းပေါ်ထွက်ရန် လှုံ့ဆော်နေသည့် ပုဂ္ဂိုလ်များအကြောင်း ဆရာတော်ဦးပညာဝံသ၏ မိန့်ကြားချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃာတော်များ လမ်းပေါ်ထွက်ရန် လှုံ့ဆော်နေသည့် ပုဂ္ဂိုလ်များအကြောင်း ဆရာတော်ဦးပညာဝံသ၏ မိန့်ကြားချက်


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဦးပညာဝံသ က သီတဂူဆရာတော်ကြီးကို စော်ကားနေတဲ့ ပုဂ္ဂိုလ်များဟာ အမျိုး ဘာသာ သာသနာဆိုတဲ့ အသံကို ကြားရုံမျှနဲ့ကြောက်ရွံ့နေကြသူတွေဖြစ်ပြီး ယနေ့အချိန်အခါမှ အမျိုး ဘာသာ သာသနာ အသံထွက်လာခြင်းဟာ မရိုးသားသော လုပ်ရပ်ဖြစ်ကြောင်း မိန့်ကြားထားပါတယ်။


ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း

ကံဆောင်နိုင်သောအင်္ဂါ ၈-ပါး

ဝိနည်းတော်အရ ရဟန်းတော်များက ဒါယကာများအား သပိတ်မှောက်ရခြင်း အကြောင်းအရင်း အင်္ဂါ ၈-ပါးရှိ၏။


(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန - ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊

(၂) အနတ္တာယ ပရိသက္ကန - အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊

(၃) အဝါသာယ ပရိသက္ကန - နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊

(၄)အက္ကောသန - ဆဲရေးခြင်း၊

(၅) ဘေဒန - ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊

(၆) ဗုဒ္ဓအဝဏ္ဏ ဘာသန - ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊

(၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ဂုဏ်မဲ့ကို ပြောဆိုခြင်း၊

(၈) သံဃ အဝဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။




 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)