ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၄၅၃၂) ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ(၇၈၅၅၈၄)ဦး တက်ရောက်သင်ကြားလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၄၅၃၂) ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ(၇၈၅၅၈၄)ဦး တက်ရောက်သင်ကြားလျက်ရှိ

055

056

057

058

059

ပဲခူး၊ ဇွန် ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဈေးပိုင်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာကျောင်းနှင့် ကလျာဏီရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း များ သို့ သွားရောက်ခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား လှည်လည့်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၄၅၃၂) ကျောင်း ဖွင့်လှစ်ခဲ့ပြီး၊ ပဲခူးခရိုင်တွင် ကျောင်းသား/သူ(၁၉၇၉၃၃)ဦး၊ ညောင်လေးပင်ခရိုင်တွင် ကျောင်းသား /သူ (၁၄၄၅၆၁)ဦး၊ တောင်ငူခရိုင်တွင် ကျောင်းသား/သူ(၁၅၇၇၅၇)ဦး၊ ပြည်ခရိုင်တွင် ကျောင်းသား/သူ (၈၉၄၂၄)ဦး၊ နတ်တလင်းခရိုင်တွင် ကျောင်းသား/သူ(၆၃၅၄၈)ဦးနှင့် သာယာဝတီခရိုင်တွင် ကျောင်းသား/ သူ (၁၃၂၃၆၁)ဦး၊ စုစုပေါင်း ကျောင်းသား/သူ(၇၈၅၅၈၄)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။


Join -  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages