မိုးကုတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

 




မိုးကုတ် ၊  ဇွန်  ၂၄


မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှတပ်ဖွဲ့ဝင်များသည် ခြင်မှတစ်ဆင့်ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ရေပူရပ်ကွက်ရှိ ပရဟိတကျောင်းဝင်းအတွင်းသို့သွားရောက်၍ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှတပ်ဖွဲ့ဝင်များက‌ ရေပူရပ်ကွက်၊ ပရဟိတ‌ကျောင်းဝင်းအတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများ၊ ရေမြောင်းများ၊ အိမ်သာများ၊‌‌ ကျောင်းအိမ်ခန်းများစသည့်နေရာများတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်၊ ခြင်လောက်လန်များ မပေါက်ပွားစေရန်နှင့် ခြင်များမခိုအောင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊  မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)