ပြည်ပြေး ဝရမ်းပြေးများက ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူရသည့် ဖြစ်စဉ်ကို အကြောင်းပြု၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်ရန် လှုံ့ဆော်နေမှုများအပေါ် ပြည်တွင်းနေသံဃာများ ဆန့်ကျင်ရှုတ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေးများက ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူရသည့် ဖြစ်စဉ်ကို အကြောင်းပြု၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်ရန် လှုံ့ဆော်နေမှုများအပေါ် ပြည်တွင်းနေသံဃာများ ဆန့်ကျင်ရှုတ်ချ



ရန်ကုန်၊ ဇွန် ၂၆

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူရသည့် ဖြစ်စဉ်ကို အကြောင်းပြု၍ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများက ပတ္တနိက္ကုဇ္ဇန ကံဆောင်ရန် လှုံ့ဆော်နေမှုများအပေါ် ပြည်တွင်းနေသံဃာများ ဆန့်ကျင်ရှုတ်ချမှုများ လုပ်ဆောင်လျှက်ရှိသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လှုံ့ဆော်မှုနှင့် ပတ်သက်၍ အမျိုးသားရေးဆရာတော် ဦးဝဏ္ဏိတ က "မေးပါရစေ၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်တာနဲ့ လက်သုံးချောင်း ထောင်တာနဲ့ ဘယ်လိုများ ပတ်သက်မှု ရှိနေသလဲ။ ဉာဏ်ကြီးအရှင်များ ဖြေပေးကြစမ်းပါ။" ဟု မိန့်ကြားထားသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဓမ္မက "မြို့သာမြို့အနီးရှိ နယ်မြေလုံခြုံရေးအဖွဲ့မှ အထင်မှား၍ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသော ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တောင်းပန် ကန်တော့ခဲ့ပါတယ်။ ဒီလို တောင်းပန် ကန်တော့ခြင်းသည် သူတော်သူမြတ်တို့၏ ကျင့်စဉ် ဖြစ်ပါတယ်။ NLDပါတီမှ ပေါက်ဖွားလာသော NUG, PDF ပြည်ဖျက် အကြမ်းဖက် အုပ်စုသည် သံဃာတော်များ အပါး ( ၉၀)ကျော်အား သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ တချို့သံဃာများဆိုရင် ဆွမ်စားနေစဉ် ပစ်ခက်သတ်ဖြတ် ခံရခြင်း ဖြစ်ပါတယ်။ PDF သည် သံဃားအပါး (၉၀)ကျော်ကို သတ်ဖြတ်သောကြောင့် NUG အနေဖြင့် သံဃာထုကို တောင်းပန်ရမှာ ဖြစ်ပါတယ်။ ပြည်ပြေး ရဟန်းအချို့သည် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံ - သပိတ်မှောက်ခြင်းကို ဆောင်ရွက်ဖို့ လှုံ့ဆော်နေကြပါတယ်။  ဝင်းနိမ္မိတာရုံဆရာတော် အား ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ ပြည်ပြေး သံဃာများအနေဖြင့် သပိတ် မှောက်လိုပါက သံဃာအပါး ၉၀ ကျော်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သော NUG , PDF အဖွဲ့ ကိုသာ သပိတ်မှောက်သင့်ပါတယ်။" ဟု မိန့်ကြားသည်။

ဆရာတော် ဦးပညာဝံသ အား မြန်မာနေရှင်နယ်ပို့စ် မှ ဆက်သွယ်မေးမြန်းရာတွင် "ပတ္တနိက္ကုဇ္ဇနကံဆောင် ဖို့ လှုံ့ဆော်နေတဲ့ ပုဂ္ဂိုလ်တွေကို တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်တွင်းနေ ရဟန်းရှင်လူ ပြည်သူများက ပတ္တနိက္ကုဇ္ဇနကံဆောင်ရမှာ ဖြစ်ပါတယ်။ သူတို့က ပတ္တနိက္ကုဇ္ဇနကံဆောင်သင့်တဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သီတဂူဆရာတော်ကြီး မိန့်ကြားတာက ဓမ္မလမ်းစဉ်ပါပဲ။ ဒါကို သူတို့က ဆရာတော်ကြီးကို စော်ကားနေကြတာ။ ကျောင်းသားတွေကို လမ်းပေါ်ထုတ်ခဲ့တယ်။ ရိုးသားတဲ့ အညာသားတွေကို လက်နက်ကိုင်လမ်းစဉ်အပေါ် တွန်းတင်ခဲ့တယ်။ ဝန်ထမ်းတွေကို CDM လုပ်ဖို့ လှုံ့ဆော်ပြီး လက်နက်ကိုင် လမ်းစဉ်ပေါ် တွန်းတင်ခဲ့တယ်။ အားလုံး ဒုက္ခရောက်ခဲ့ကြတယ်။ အခု သံဃာတော်တွေကို အသုံးချဖို့ လုပ်လာကြတာဖြစ်ပါတယ်။" ဟု မိန့်ကြားသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)