တောင်ကုတ်မြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝင်ဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝင်ဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကျင်းပ

 




တောင်ကုတ် ၊  ဇွန် ၂၆

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကိုယနေ့ နံနက်(၁၀)နာရီအချိန်က မြို့မရဲစခန်းရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြား ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တောင်ကုတ်မြို့မရဲစခန်း ၏ မယ(ပ)၅/၂၀၂၃ ၊ မူး/စိတ်ပုဒ်မ (၁၉)က /၂၀(က)/၂၁  အမှုမှ သက်သေခံပစ္စည်း ICE(၃.၆)ဂရမ် ၊ WY ဆေးပြား(၁၀၆)ပြားတို့အား မီးရှို့ဖျက်ဆီး ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် နှင့် တပ်ဖွဲဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)