ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


နေပြည်တော်၊ ဇွန် ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမကြီးမှ အိုင့်-သနပ် အိုင့်ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မိတ္ထီလာမြို့နယ် မြင်းကန် ကျေးရွာအုပ်စု ဆည်ကုန်းကျေးရွာ၌ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန်ပြုပြင် တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း များ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဆည်ကုန်းကျေးရွာ၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် တစ်လုံး ထိုးအင်ဂျင်ပြင်သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်း များ ထောက်ပံ့ပေးထားသော သင်တန်းသားတစ်ဦး ၏ တစ်လုံးထိုးအင်ဂျင် ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ သမဝါယမ ဝါစိုက်တောင်သူ အစုအဖွဲ့ ၁၀ ဖွဲ့မှ ဝါစိုက် တောင်သူ များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဝါစိုက် တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့် များရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေရရှိရေးနှင့် နည်းပညာရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ဝါစိုက် တောင်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်းတင်ပြစေလိုကြောင်းပြောကြားပြီး အသင်း သားတောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ လက်ရက်ကန်း၊ စက်ရက်ကန်း သင်တန်းများ၊ ကာလတို၊ ကာလရှည်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုနှင့် လက်မှုအနုပညာ ပြခန်းဖွင့်လှစ် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက သင်တန်းကျောင်းမှ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ များက ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြား သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာရှိ စိုပြေ မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်း၏ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် မွေရွာ ကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဆပ်ပြာဆီအမျိုးမျိုးနှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဆင်းပြီး လုပ်ငန်း သုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူ တစ်ဦး၏ ဆပ်ပြာဆီအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်း များ ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစုအနေဖြင့် လိုအပ်သောအရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေး သွားရန် ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)