ပင်းတယမြို့နယ် သစ်တောဦးစီးဌာန ပုန်းတလုတ်ပျိုးဥယျာဉ်၌ သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပျိုးပင်ပေါင်း (၈၅၀၀၀)ပင်ခန့် ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ် သစ်တောဦးစီးဌာန ပုန်းတလုတ်ပျိုးဥယျာဉ်၌ သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပျိုးပင်ပေါင်း (၈၅၀၀၀)ပင်ခန့် ပျိုးထောင်ထားရှိ




ပင်းတယ၊ ဇွန် ၁၂

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး၊ "ဥတုရာသီ တောကိုမှီ"ဆိုသည့်အတိုင်း ရာသီဥတုဖောက်ပြန်မှု၊ ရေမြေတောတောင်များပျက်စီးမှု၊ လျော့ကြမှုအန္တရာယ်တို့ကို ကြိုတင်ကာကွယ်ရန်နှင့် ရာသီဥတုမျှတကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပင်းတယမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများအတွက် မိုးရာသီတွင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးလိုသည့်နေရာများတွင် စိုက်ပျိုးနိုင်ရန်အတွက် ပုန်းတလုတ်ဥယျာဉ်၌ ပျိုးပင်များကို  ပျိုးထောင်ထားရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် အပင်များအဖြစ် ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ချယ်ရီ၊ မျောက်ငို၊ ယူကလစ်၊ အော်ရီရှား၊ လင်းလွန်း၊ မယ်ဇလီနှင့် ပနားမားငုပျိုးပင် (၈၅၀၀၀)ခန့်တို့ကို ပင်းတယမြို့ ပုန်းတလုတ်ပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိကြောင်း၊ သီးနှံသစ်တောရောနှောစိုက်ခင်း (၅)ဧကအတွက် ပျိုးပင်ပေါင်း (၁၀၀၀)၊ ကျေးရွာထင်းစိုက်ခင်း(၂)ဧကအတွက် ပျိုးပင်ပေါင်း (၂၄၂၀)ပင်၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း (၈)ဧကအတွက် ပျိုးပင်ပေါင်း (၄၃၂၀)၊ လမ်းဘေးဝဲယာစိုက်ပျိုးခြင်းအတွက် ပျိုးပင်ပေါင်း (၁၀၀၀)ပင်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင် (၁၀၀၀)ပင်၊ ဌာနဆိုင်ရာများ/တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေနိုင်ရန် ပျိုးပင် (၈၅၀၀)ပင်၊ ပြည်သူလူထုသို့ဖြန့်ဝေရန် ပျိုးပင်ပေါင်း (၇၁၅၃၀)ပင်တို့ဖြစ်ကြောင်း၊ ဒေသခံမိဘပြည်သူများအနေဖြင့် ပျိုးပင်များအား ပင်းတယမြို့သစ်တောဦးစီးဌာနတွင် (အခမဲ့)လာရောက်ယူနိုင်ကြောင်းနှင့် ပင်းတယမြို့ဈေးနေ့တွင် မြို့မဈေးအနီးပြည်သူလူထုကို(အခမဲ့)ပျိုးပင်များအား ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပင်းတယမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခန့်မင်းမော်ထံမှ သိရှိရသည်။


အောင်ကိုဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)