နတ်တလင်းမြို့၌ ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့၌ ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပ


နတ်တလင်း၊ ဇွန် ၂၅

နတ်တလင်းမြို့၌ ဒေသတွင်းကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊​ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ သားသတ်လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆန်စက် ပိုင်ရှင်များအနေဖြင့် သတ်မှတ်ထားသော ပမာဏထက်ကျော်လွန်၍ မသိုလှောင်ရေး၊ နေ့စဉ် ဆန်အား ရည်ညွှန်းစျေးနှုန်းဖြင့်ရောင်းချပေးနိုင်ရေး၊ သားသတ်လုပ်ငန်းရှင်များအနေဖြင့် ပဲခူးတိုင်းဒေသကြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ သတ်မှတ်စျေးနှုန်းဖြင့်သာ ရောင်းချပေးနိုင်ရေး၊ မြို့နယ်အတွင်း ကုန်စျေးနှုန်းစျေးကွက်တည်ငြိမ်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ oline မှတဆင့် ဆန်၊ စပါးသိုလ်လှောင်ခွင့် လိုင်စင်ရှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များအား တင်ပြဆွေးနွေးရာ သက်ဆိုင်ဌာန တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး 

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)