ပေါင်မြို့နယ်၌ သက်သာသောနှုန်းထားဖြင့် ပြည်သူများထံ ဆန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ သက်သာသောနှုန်းထားဖြင့် ပြည်သူများထံ ဆန်များ ရောင်းချပေး





ပေါင်၊ ဇွန် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေး ၌ ပြည်သူများထံ သက်သာသောနှုန်းထားဖြင့် ဆန်များ ရောင်းချပေးခဲ့သည်။

ထိုသို့ဆန်ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံ ဦးအောင်မျိုးဦး တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတို့က ပြည်သူများထံ ဧည့်မထဆန် တစ်ပြည်လျှင် ( ၃၂၀၀ )ကျပ်နှုန်းဖြင့် (၉၆၀) ပြည်၊‌ပေါ်ဆန်း တစ်ပြည်လျှင် ( ၅၀၀၀ )ကျပ်နှုန်းဖြင့် (၂၄၀)ပြည်၊စုစုပေါင်း (၁၂၀၀)ပြည် အား ရောင်းချပေးခဲ့ကြောင်းသိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)