ရှမ်းပြည် (မြောက်ပိုင်း) တိုက်ပွဲများတွင် တပ်မတော်က ပြင်းပြင်းထန်ထန် နှိမ်နင်းလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည် (မြောက်ပိုင်း) တိုက်ပွဲများတွင် တပ်မတော်က ပြင်းပြင်းထန်ထန် နှိမ်နင်းလျှက်ရှိ



နေပြည်တော်၊ ဇွန် ၃၀

ရှမ်းပြည် (မြောက်ပိုင်း)တွင် TNLA/PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ပြန်လည်လုပ်ဆောင်လျက်ရှိရာ တပ်မတော်က နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။

ဇွန်လ ၂၉ ရက် မိုးမိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၄ နေရာမှ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA ၃ လောင်း၊ Type(81) ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၉ ရက် နောင်ချိုမြို့ နယ်မြေခံတပ်ရင်းအနီးရှိ မင်္ဂလာပါဆီဆိုင်အနီးနှင့် နမ့်ဆောင်ဟူးကျေးရွာတစ်ဝိုက်သို့ TNLA နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က (၁) ကြိမ်၊ ရန်သူအင်အား ၇၀ ဦးခန့်က (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်နှိမ်နင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ လက်နက် ၂ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အတည်ပြုဆဲသတင်းများအရ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်များအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် တပ်မတော်မှ လေကြောင်းမှ ကင်းထောက်ပြီး TNLA၊  PDF အကြမ်းဖက်အဖွဲ့များ၏ အခြေပြုနေရာများကို ဗုံးအများအပြား ကြဲချတိက်ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင်များ အများအပြား သေဆုံးပြီး သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို တုန်ဖုန်းကားများဖြင့် သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ များ၏ ပြောကြားချက်များအရ သိရှိရပါသည်။

TNLA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်များတွင် သေဆုံးဒဏ်ရာရသူများကို အရပ်သားများသဖွယ် လုပ်ကြံဖန်တီး ထုတ်ပြန်၍ တပ်မတော်က အရပ်သားများကို ပစ်ခတ်နေသယောင် ဝါဒဖြန့် လိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှေမြင်းဝင်ဘုန်းကြီးကျောင်း သို့ ဇွန်လ ၂၈ ရက်၊ နေ့လည် ၁ နာရီခွဲခန့်က  အကြမ်းဖက်အင်အား ၅၀ ဦးခန့်ကလည်းကောင်း၊ ကျပ်ပြင်ရဲစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်ကလည်းကောင်း drone၊ လက်နက် ကြီး/ ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၅၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့က  ပြင်ဦးလွင်မြို့မြောက်ဘက် မီတာ ၂၅၀၀၀ ခန့်အကွာနေရာသို့ ပျံသန်းလာသည့် ရန်သူ့ Drone  ၁ စီးအား တွေ့ရှိသဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun ဖြင့် ပစ်ခတ် ဆွဲချခဲ့ရာ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာသို့ ပျက်ကျခဲ့သဖြင့် သွားရောက်ရှင်းလင်းစဉ် ရန်သူ့ Drone ၁ စီးအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရာ ရန်သူသည် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အဆိုပါ အကြမ်းဖက်သမားများထံမှ အမ်အေ(၁) လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈၄ တောင့်၊ လွယ်ကြိုး ၁ ချောင်း၊ Drone ၁ စီး သိမ်းဆည်းရမိခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြိုနယ်အတွင်း ဇွန်လ ၂၉ ရက်နေ့က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် KIA နှင့် အကြမ်းဖက်အင်အား ၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရာ KIA အကြမ်းဖက်စခန်းမှ ပစ်ကျင်း ၅ ကျင်း၊ ဘီဇူကာဒုံးသီး ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ၂၉ ရက် ည ၇နာရီခန့်အချိန်ထိ သံတွဲမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် သံတွဲလေဆိပ်များသို့ AA အကြမ်းဖက်အဖွဲ့ က Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ နေရာ ၅ နေရာမှ ရန်သူအင်အား ၁၈၀ ဦးခန့်က လက်နက်ကြီး/ငယ် Drop Bomb ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်လ ၂၉ ရက်နေ့က ကောလင်းမြို့၊ ကြူတောရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များအား KIA/PDF ပူးပေါင်းအင်အား ၂၅ ဦးခန့်က ပစ်ခတ်သဖြင့် ပြန်လည်ချေမှုန်းခဲ့ရာ KIAအကြမ်းဖက်သမား ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်၊ အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)