မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ ပေကျင်းမြို့ ဗုဒ္ဓစွယ်တော်စံကျောင်းတော်သစ် နှစ် (၆၀) ပြည့်ဖွင့်ပွဲသို့ တက်ရောက်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ ပေကျင်းမြို့ ဗုဒ္ဓစွယ်တော်စံကျောင်းတော်သစ် နှစ် (၆၀) ပြည့်ဖွင့်ပွဲသို့ တက်ရောက်ပူဇော်


နေပြည်တော်၊ ဇွန် ၂၂

တရုတ်ဗုဒ္ဓဘာသာအသင်းကြီး၏ ဖိတ်ကြားချက်အရ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အဂ္ဂသာမိနှင့် ဆရာတော်သုံးပါးတို့ပါဝင်သောအဖွဲ့သည် နှစ်(၆၀)ပြည့်လင်ကွမ်းဗုဒ္ဓစွယ်တော် တိုက်သစ်ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တက်ရောက်ပူဇော်ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗုဒ္ဓဘာသာဝင် ကမ္ဘောဒီးယား၊ ကိုရီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များနှင့် အဖွဲ့ဝင်များအင်အား ၇၀ ခန့်နှင့် တရုတ်ပြည်မှ ဗုဒ္ဓဘာသာဝင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တရုတ် ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌဆရာတော်ကြီး Most.Ven. YANJUE က နိုင်ငံအသီးသီးမှအဖွဲ့ဝင်များကို အဖွဲ့လိုက်သီးခြားတွေ့ဆုံနှုတ်ဆက်ကာ ဓမ္မပဏ္ဏာများပေးအပ်ချီးမြှင့်၍ နိုင်ငံများအချင်းချင်း ဗုဒ္ဓဘာသာသာသနာတော်အား ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ပူးပေါင်းဆောင်ရွက်ကြရန် မိန့်ကြားသည်။

ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဗုဒ္ဓစွယ်တော်တိုက် ပဓာနဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ Most. Ven.Zhan Chan ဦးစီး၍ နှစ်(၆၀)ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှ သံဃာတော်အဖွဲ့များက ဗုဒ္ဓစွယ်တော်အား ဘုရားအနေကဇာတင်ခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ဗုဒ္ဓစွယ်တော်နှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးမှ ဘုရားစေတီပုံတော်များနှင့် ဗုဒ္ဓအဆိုအမိန့်များပါဝင်သော ချစ်ကြည်ရေးပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

မွန်းလွဲ ၂ နာရီခွဲတွင် ဗုဒ္ဓမြတ်စွယ်တော် စံကျောင်းတော်သစ်ဖွင့်ပွဲအထိမ်းအမှတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော နှီးနှောဖလှယ်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှအဖွဲ့ ခေါင်းဆောင်များက ဗုဒ္ဓဘာသာအဓွန့်ရှည်စွာတည်တံ့ရေး၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအလိုက်သာသနာရေးဆောင်ရွက်ချက်များကို ဆွေးနွေးသည်။

နိုင်ငံအသီးသီးမှအဖွဲ့ဝင်များအား ဇွန် ၂၁ ရက်တွင် လားမားဗုဒ္ဓကျောင်းတော်နှင့် ဒေသန္တရလှည့်လည်ကြည့်ရှုခြင်းများ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၄) ကြိမ် ဒေသစာရီကြွချီခဲ့ပြီး နောက်ထပ်တစ်ကြိမ် (၅) ကြိမ်မြောက် ကြွရောက်နိုင်ရေးလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)