ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သက်ငယ်မုဒိန်းမှုဖြစ်၊ ကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သက်ငယ်မုဒိန်းမှုဖြစ်၊ ကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်နေ





ရန်ကုန်၊ ဇွန် ၅

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက်နေ အသက် (၁၃)နှစ် အရွယ် မ+++ အား အဓမ္မပြုကျင့် စော်ကားခဲ့သူ ဥက္ကာကျော် (၁၉)နှစ် သည် ထွက်ပြေး တိမ်းရှောင်နေကြောင်း ကာယကံရှင် မိသားစုများထံမှ သိရသည်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူသည် ဟင်္သတမြို့သို့ ခရီးသွားရန်ရှိသဖြင့် အိမ်နီးချင်း မညိုမာဝင်း (ကြံရာပါ) ထံ အပ်နှံထားခဲ့ရာမှ (၁၅-၅-၂၀၂၄) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး သမီးဖြစ်သူကို ပြန်လည်ခေါ်ဆောင်ခဲ့ရာ လည်ပင်းတွင် ညိုမဲရာ (၃)ခုတွေ့သဖြင့် မေးမြန်းရာ (၁၃-၅-၂၀၂၄) ရက်နေ့က ညိုမာဝင်းသည် ဥက္ကာကျော်အား ဖုန်းဆက်ခေါ်ပြီး မ+++ နှင့် ဥက္ကာကျော်အား ၎င်း၏ အခန်းတွင် အခန်းတံခါးပိတ်ထားခဲ့ပြီး အပြင်ထွက်သွားခဲ့ကြောင်း၊ ဥက္ကာကျော် က အလိုမတူဘဲ အဓမ္မပြုကျင့်စော်ကားမှု ၂ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထပ်မံ၍ (၁၄-၅-၂၀၂၄) ရက်နေ့တွင်လည်း ညိုမာဝင်း က ဥက္ကာကျော်ကို ဖုန်းဆက်ခေါ်ပြီး အခန်းတံခါးပိတ်၍ ထားခဲ့ရာမှ အဓမ္မစော်ကားပြုကျင့်မှု ထပ်မံကျူးလွန်ခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် ပ/၂၈၉ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး သက်ငယ်မုဒိန်းမှု ကျူးလွန်သူ ဥက္ကာကျော်နှင့် မိသားစုမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ မုဒိန်းမှု ဖြစ်ပေါ်စေရန် စီစဉ်ပေးခဲ့သည့် ညိုမာဝင်း ဆိုသူ အမျိုးသမီးအား ဖမ်းဆီးရမိထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)