ဝမ်းတွင်း၊ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က သင်္ဃန်းဆွဲကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများသို့ သတ်မှတ်ထားသော နေ့ရက်များအတိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း (သင်္ဃန်းဆွဲ)သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၉) ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်လဝကမှူး ဦးဇော်ဖြိုးအောင်ထံမှ သိရသည်။
ဌေးလှိုင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment