မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်





မော်လမြိုင်၊ ဇွန် ၂၀

မွန်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေး” အဓိက ဦးစားပေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး (၆၉၆၂၉၈) ဧက၊ နွေစပါး (၄၈၆၆၆) ဧက စိုက်ပျိုးပြီး ဆန်ဖူလုံမှု (၁၃၅.၄၉) ရာခိုင်နှုန်းရှိပြီး ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ (၂၀၀၄၈) ဧက၊ နှမ်း (၂၁၂၇) ဧကနှင့် နေကြာ (၁၀၈၀၂) ဧက စုစုပေါင်း(၃၂၉၇၇) ဧက စိုက်ပျိုးနိုင်ခဲ့၍ ဆီဖူလုံမှုအနေဖြင့် (၁၇.၈၁) ရာခိုင်နှုန်းသာရရှိပါသဖြင့် ဆီထွက်သီးနှံများကို စိုက်ဧကတိုးချဲ့စိုက်ပျိုးရန် လိုအပ်လျက်ရှိပြီး အထွက်နှုန်းတိုးတက်ရေးကိုလည်း ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ စားသုံးဆီဖူလုံမှုရှိစေရန်၊ ပြည်ပနိုင်ငံများမှ ဆီတင်သွင်းမှု လျှော့ချစေရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှု နည်းစေရန်အတွက် ဆီထွက်သီးနှံ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ သွင်းအားစုများ ထောက်ပံ့ပေးရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေး စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် အကျိုးပြုသလို တောင်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားလာမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်၊ မွန်ပြည်နယ် မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မွန်ပြည်နယ် စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ စားသုံဆီဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများနှင့် ထပ်မံစိုက်ပျိုးမည့် အခြေအနေများ၊ လုပ်ငန်းဦးစီးဇယားရေးဆွဲခြင်း(Crops Patten) ဆောင်ရွက်မှုအခြေအနေများ ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အကြုံပြုဆွေးနွေး၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့​ကြောင်းသိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)