နမ့်စန်မြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ ဇွန် ၄

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲ ကို ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲ ဆိုင်းပုဒ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်ကြား ပို့ချမည့် အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပြခန်းများ၊ ကွန်ပျူတာအခြေခံ ဘာသာရပ်ပြခန်းများ၊ သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အလိုက် သင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။


အဆိုပါအသစ်ဖွင့်လှစ်သည့် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်း(ခွဲ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ စက်မှုဘာသာရပ်သင်ကြားသည့် ကျောင်းသား၊ကျောင်းသူ ၄၁ ဦး၊ စိုက်ပျိုးရေးဘာသာရပ်သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ စုစုပေါင်း ၅၇ ဦး ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)