လှိုင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ




လှိုင်  ၊  ဇွန်   ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို အ.ထ.က(၁) ဘုရင့်နောင်ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အဖွင့်စကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်က ကျန်းမာရေးနှင့်ပက်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုထွန်းက ရိုးသားခြင်း ကြိုးစားခြင်းနှင့် စိတ်နှလုံးဖြူစင်ခြင်း အကြောင်းကိုလည်းကောင်း မြို့နယ်အားကစားအရာရှိ ဦးမျိုးမင်းသန်းက အားကစားနှင့်လူငယ်ရေးရာအကြောင်းကိုလည်းကောင်း ဟောပြောဆွေးနွေးကြသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရိုးရာခြင်းလုံးဆက်ကော်မတီမှ ၂၀၂၃ ခုနှစ် (Sea Game) ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုရရှိသူ မခိုင်သဇင်ဖြိုးက မြန်မာ့ရိုးရာခြင်းလုံးခတ် သရုပ်ပြခြင်းကိုဆောင်ရွက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူ့ရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်​ ကျောင်းသူ/ကျောင်းသား (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ညိုထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)