မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်



မင်းဘူး၊ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၂၉၉၃၆ ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု) မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၉ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)  ၂၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂၆ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) ၁၀ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၆ ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း ၅၉ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ ၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၃ ကျောင်းဖြစ်၍ စုစုပေါင်း ၁၅၈ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၉၉၃၆ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


ဇေယျာထက်(မင်းဘူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)