အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၁၆ ကစားသမားစာရင်း ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၁၆ ကစားသမားစာရင်း ထုတ်ပြန်



မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အင်ဒိုနီးရှား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ကစားသမား စာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို နညးပြချုပ်အဖြစ်ဂျပန်လူမျိုး မစ္စတာ မီတ မီချီတာရူက တာဝန်ယူ ကိုင်တွယ်နေပြီး အာဆီယံပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦး ရွေးချယ်ထားသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် FIFA - MFF U-15 အထက်/ အောက် မြန်မာပြည်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သည့် ကစားသမားများ၊ အကယ်ဒမီများမှ ကစားသမားများဖြင့် ပဏာမအဆင့် ရွေးချယ်ဖွဲ့စည်းခဲ့ပြီးနောက် ယခုအခါ အာဆီယံပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦးကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

မြန်မာယူ-၁၆ အသင်း အနေဖြင့် ဇွန်လ ၁၉ ရက်တွင် ထိုင်းနိုင်ငံမှတဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ဇွန် ၂၂ ရက်တွင် ကမ္ဘောဒီးယား အသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အုပ်ချုပ်/နည်းပြ စာရင်း

အုပ်ချုပ်သူ- ဦးစိုးမြတ်မင်း

နည်းပြချုပ်- Mr. Mita Michiteru

လက်ထောက်နည်းပြ- ဦးအောင်ဇော်မျိုး၊ ဦးမြတ်မင်းသူ

ဂိုးနည်းပြ- ဦးမြကိုမင်း

ဆရာဝန်- ဒေါက်တာ ကျော်သန့်ဇင်

မီဒီယာ- ဦးဝင်းကိုကို

အကြောကျွမ်းကျင်- ဦးအောင်အောင်


အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကစားသမားစာရင်း

ဂိုး- ထက်ဝေယံဇော် (မန္တလေး အကယ်ဒမီ/ Nay Pyi Taw U-17 FC)၊ ရှိုင်းထက်ကျော် (Yarmanya U-15 FC)၊ ထက်ဝေယံ (Yangon Focus U-15 FC/ ISPE YGN)။

နောက်တန်း- အောင်သီဟ (Rakhine United U-17 FC)၊ မြတ်မင်းကျော်၊ စိုင်းမောဝ်ဟန်၊ မျိုးခန့်ကျော် (မန္တလေး အကယ်ဒမီ)၊ အောင်သော်ခန့် (မန္တလေး အကယ်ဒမီ/ Nay Pyi Taw U-17 FC)၊ သီဟအောင် (Soccer Care U-15 FC/ I.S.P.E MDY)၊ ကောင်းခန့်သူ (Sagaing United U-15 FC)၊ ဉာဏ်အောင် (Shan U-17 FC)။

အလယ်တန်း- သော်ဇင်ကို (ရန်ကုန် အကယ်ဒမီ/ Su Latt Myint Mo U-17 FC)၊ ကျော်သီဟ၊ ဘေလားဖုန်ရမ်၊ ကျော်ညီညီ (မန္တလေး အကယ်ဒမီ)၊ စိုင်းစွမ်ဆိုင်၊ ခွန်မောင်လုံး၊ ခွန်အောင်ဆန်း (Shan U-17 FC)၊ စွမ်းဇာနည် (Rakhine United U-17 FC)၊ သူရမင်းသန့် (ရန်ကုန် အကယ်ဒမီ/ Nay Pyi Taw U-17 FC)။

ရှေ့တန်း- ခန့်ဝင်းအောင် (မန္တလေး အကယ်ဒမီ)၊ မျိုးနန္ဒအောင် (မန္တလေး အကယ်ဒမီ/ Nay Pyi Taw U-17 FC)၊ ညီညီသန့် (Rakhine United U-17 FC)။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)