ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြား၊ သင်ယူနေကြခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနေခြင်းပင်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြား၊ သင်ယူနေကြခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနေခြင်းပင်ဖြစ်


နေပြည်တော်၊ ဇွန် ၁၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းများအားလုံးဖွင့်လှစ်ခဲ့သည်မှာ ရက်သတ္တနှစ်ပတ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကျောင်းများ၊ ဌာနများအလိုက် ဆရာ/ဆရာမ၊ ကျောင်းသားဦးရေစာရင်း များမှအစ ရုံးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ရာတွင် အချက်အလက်များကို တိကျမှန်ကန်မြန်ဆန်ရေးအတွက် စနစ်တကျအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင်ရှိသည့် သုတေသနစက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများစာရင်းနှင့် ထပ်မံလိုအပ်သည့်ပစ္စည်းစာရင်းများ စနစ်တကျတင်ပြရန်လိုကြောင်း၊ သုတေသနပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျသုံးစွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့်ဌာနဖြစ်၍ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းမိသားစုများ အားလုံးလက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာသင်ခန်း၊ စာသင်ဆောင်၊ အိပ်ဆောင်များ၊ ကျောင်းအတွင်းအပြင် ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။

အဝေးသင်တက္ကသိုလ် သိပ္ပံကျောင်းသားများ လက်တွေ့တန်းဆောင်ရွက်သကဲ့သို့ စာသင်ချိန် အတန်းတက်ရောက်စေရေး ကြီးကြပ်ရမည်ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် စာသင်ကျောင်းများနှင့် စာသင်ခန်းများအထိ အရောက်သွား၍ ကျောင်းသား ကျောင်းသူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ စာကြည့်တိုက်အတွက် စာအုပ်များကိုနှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ထပ်မံလိုအပ်သည့်စာအုပ်စာရင်းများကို ကြိုတင်ပြုစု ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ရေး၊ အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးရေးတို့အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က e-government အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ Project Based Learning အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန်တို့ကို ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာဒေသမှ ကလေးများ ကျောင်းလာအပ်ပါက အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး အားလုံးလက်တွဲဆောင်ရွက်ပေးကြရန်တို့ကို မှာကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)