ရခိုင်ပြည်လွတ်မြောက်ရေးပါတီ က မြို့တွင်းတိုက်ပွဲဖော်ဆောင်မှုများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ က မြို့တွင်းတိုက်ပွဲဖော်ဆောင်မှုများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံ



ရန်ကုန်၊ ဇွန် ၂၀

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ က မြို့တွင်းတိုက်ပွဲဖော်ဆောင်မှုများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တာဝန်ရှိသူတစ်ဦး က "မြို့သိမ်းတာ မသိမ်းတာမပြောဘူး၊ မြို့တွင်းမှာ တိုက်ပွဲမဖေါ်ဖို့ ၊ NUG ပြောစကားမှာ သမိုင်းလိမ် ရိုဟင်ဂျာကိုပဲ အဓိကပြောသွားတယ်။ ဒီနေရာမှာ ရခိုင်အပါအဝင် လူမျိုးစုံ ဘာသာစုံ ရှိတယ်ဆိုတာ သတိမထားကြဘူး။ ဂရုမပြုကြဘူး၊ ကျန်တော်တို့က ဒါကိုပြောချင်တာပါ" ဟု ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ မေတ္တာရပ်ခံချက်တွင် မောင်တောမြို့အတွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေသည်ကို ကြားသိရသည့်အတွက် များစွာ စိတ်မချမ်းမသာ ဖြစ်ရကြောင်း ထည့်သွင်းဖော်ပြထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)