သပိတ်မှောက်ကံဆောင်ရန် လှုံ့ဆော်နေသည့် ဦးတေဇာနန္ဒ (တန့်ဆည်) နှင့် ဦးဃောသိတသာရ တို့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်မှောက်ကံဆောင်ရန် လှုံ့ဆော်နေသည့် ဦးတေဇာနန္ဒ (တန့်ဆည်) နှင့် ဦးဃောသိတသာရ တို့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုဆို


နေပြည်တော်၊ ဇွန် ၂၇ 

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်၍ သပိတ်မှောက်ရန် လှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းမှုအပေါ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ဥပဒေနှင့်အညီ ဆက်လက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

"ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်က တောင်းပန်လျှောက်ထားလွှာ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်မတိုင်မီမှာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်သမားများနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သတ်ဖြတ်လို့ သံဃာတော် အပါး(၁၄၀) ပျံလွန်တော် မူခဲ့ရစဉ်က ကန့်ကွက်၊ ရှုတ်ချ ပြောဆိုခဲ့ခြင်း မရှိတဲ့ ပြည်ပြေး ဝရမ်းပြေးတွေရော၊ ပြည်ဖျက်မီဒီယာတွေရော၊ သူတို့နဲ့ အလိုတူ အလိုပါ သံဃာတချို့ကပါ သပိတ်မှောက် ကံဆောင်ဖို့ လှုံ့ဆော်နေတာတွေ ကျယ်ကျယ်လောင်လောင် လုပ်ဆောင်လာပါတယ်။ ဦးတေဇာနန္ဒ (တန့်ဆည်) နှင့် ဦးဃောသိတသာရ တို့က သီတဂူဆရာတော်ကြီးကိုပါ မချန် မဖွယ်မရာ စော်ကားပြောဆိုပြီး သပိတ်မှောက်ဖို့ လှုံ့ဆော်နေတာမျိုး တွေ့ရပါတယ်။ မေးမြန်းလိုတာက ဦးတေဇာနန္ဒ (တန့်ဆည်) နှင့် ဦးဃောသိတသာရ တို့က ပြည်တွင်းမှာနေပြီး အခုလို လှုံ့ဆော်နေတာလား၊ ပြည်ပကနေ လှုံ့ဆော်နေတာဆိုရင်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဘက်က ထုတ်ပေးထားတဲ့ Passport များ စိစစ်ပြီး ဒေါသ၊ မောဟတွေ နဲ့ ရဟန်းရှင်လူပြည်သူလူထုကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ အတိဒုက္ခရောက်အောင် ပြောဆိုလုပ်ဆောင်နေတဲ့အပေါ် သတိပေးလျှောက်ထားတာမျိုး ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းလိုခြင်း ဖြစ်ပါတယ်။" ဟု မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် "ဘာသာ သာသနာအတွက် ရည်ရွယ်၍ မေးသော မေးခွန်းဟု သုံးသပ်တွေ့ရှိရသဖြင့် ရာဇသတ်ကြီး အခန်း(၁၅)၌ ပြဋ္ဌာန်းထားသည့် ဘာသာရေးဆိုင်ရာ ပြစ်မှုများ ပုဒ်မ ၂၉၅(က)၊ ၂၉၈တို့ဖြင့် လူတစား ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် အထက်ပါ ပုဒ်မများဖြင့် ငြိစွန်းပါတယ်။ ထို့အပြင် Online ပေါ်တွင် တင်၍ ပြောဆို ဟောပြောနေသည့်အတွက် တည်ဆဲဥပဒေနှင့်အညီ ပြဋ္ဌာန်းထားသည့် ဆက်သွယ်ရေး ဥပဒေများနှင့်အငြိစွန်းပါသည်။ သို့ဖြစ်ပါ၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားပါမည်။" ဟု ဖြေကြားထားသည်။

ယခုအခါ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနှင့် အလိုတူ အလိုပါ ပုဂ္ဂိုလ်တချို့သည် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်၍ သပိတ်မှောက်ရန် လှုံ့ဆော်နေမှုများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပြီး မဟုတ်မမှန် ဖန်တီးလှုံ့ဆော် ဖြန့်ချိမှုများ လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်နေရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)