လွိုင်လင် ၊ ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်ကကြီးမှူး၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပင်လုံမြို့နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ကျင်းပပါသည်။
ရှေးဦးစွာ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ဒုတိယရဲမှူးတင်မောင်မြင့်က လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့်အင်တာနက်သုံးစွဲမှု အကြောင်းကို အသိပညာပေး ဟောပြောပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၁၀၀) ဦး တက်ရောက်ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment