ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ်မှ သံရုံးအကြီးအကဲများအား လက်ခံတွေ့ဆုံသည့် အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ်မှ သံရုံးအကြီးအကဲများအား လက်ခံတွေ့ဆုံသည့် အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်


ဟနွိုင်း၊ ဇွန် ၁၃

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် H.E. Mr. Tran Thanh Man မှ ဟနွိုင်းမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် တီမောလက်စ်တေသံရုံးတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ၁၃-၆-၂၀၂၄ ရက်တွင် အမျိုးသားလွှတ်တော် အဆောက်အဦ၌ လက်ခံတွေ့ဆုံခဲ့ရာ ဟနွိုင်းမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို ပါဝင် တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် H.E. Mr. Tran Thanh Man မှ အာဆီယံနိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအား လက်ခံရရှိပါကြောင်း၊ ဗီယက်နမ်လွှတ်တော်နှင့် အာဆီယံလွှတ်တော်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သံရုံးအကြီးအကဲများ ကလည်း H.E. Mr. Tran Thanh Man အား လွှတ်‌တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရမှုအတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)