စကုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စကုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ



မင်းဘူး  ၊  ဇွန်  ၂၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဦးစွာ အခမ်းအနားတွင် စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ စကုမြို့မရဲစခန်းမှူး ရဲအုပ် မျိုးမြင့်အောင်က မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်နှင့် ဥပဒေအကြောင်းအရာများ၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က မူးယစ်ဆေးဝါးဆိုင်ရာသိကောင်းစရာနှင့် သုတ၊ ရသ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်း အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်ချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။


ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဇတ်လမ်းတို Video Clip များ ဖွင့်လှစ်ပြသခဲ့ပြီး၊ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးနှင့် တာဝန်ရှိသူ များက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အဆိုပါကျောင်းရှေ့၌ “မူးယစ်ကင်းစင်ကျောင်း” ဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စကုမြို့မရဲစခန်းတို့မှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာ၊ ပန်းချီ၊ ကာတွန်း သိပညာပေးပြဘုတ်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့ခဲ့ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)