ပြည်သူလူထုသို့ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီသော စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန် ဒုဝန်ကြီး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထုသို့ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီသော စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန် ဒုဝန်ကြီး မှာကြား



နေပြည်တော် ဇွန် ၂

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (ရုံးချုပ်) ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ပြည်သူလူထုသို့ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီသော စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားသည်။

အစည်းအဝေးတွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေကြသည့် ကုမ္ပဏီ/ လုပ်ငန်းရှင် များအနေဖြင့် ပြည်ပမှ စက်သုံးဆီများတင်သွင်းခြင်းနှင့် Terminal များအလိုက် ဆီတင်/ချ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ကျပြီး ပိုမိုလွယ်ကူလျင်မြန်သည့် ကောင်းမွန်သော လုပ်ထုံးလုပ်နည်း/လုပ်ငန်းစဉ်များ ဖြစ်ထွန်းလာစေရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း လက်ရှိကျင့်သုံးနေသည့် SOP (Standard Operating Procedure) များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် လိုအပ်နေသေးသည့် SOP အသစ်များ ရေးဆွဲခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီအသင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်သွားကြရန်လိုအပ်ကြောင်း။

ကုမ္ပဏီများအလိုက် စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုစာရင်းအင်း အချက်အလက်များကို တိကျစွာ ပြုစုထားရှိကြရန်၊ ပြည်သူလူထုသို့ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီသော စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်၊ စက်သုံးဆီအရောင်းဆိုင်များတွင် POS စနစ်နှင့် CCTV တပ်ဆင်အသုံးပြုမှုမှသည် Real-time Software စနစ် တပ်ဆင်အသုံးပြုနိုင်သည်အထိ တွန်းအားပေးဆောင်ရွက်ကြရန်၊ သိုလှောင်စခန်း၊ ဆိပ်ကမ်းနှင့် အရောင်းဆိုင်များ၏ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းခွင်ရှိ သစ်ပင်၊ သစ်ကိုင်းများ စနစ်တကျရှင်းလင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံများကို ကြိုတင်ပြင်ဆင်ထားရှိရန် မှာကြားပြီး အစည်းအဝေးတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)