မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ ပဒေသာကပွဲနှင့် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ ပဒေသာကပွဲနှင့် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ





ပဲခူး  ၊ ဇွန်  ၂၄    


ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဒေသာကပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။


ဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကမှ အလှူငွေကျပ် (၅)သိန်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဒေါ်သန်းသန်းနွဲ့မှ အလှူငွေကျပ်(၁၀)သိန်းနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလှူငွေကျပ် (၁၂)သိန်းတို့အား ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အတွက် ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်က လက်ခံရယူခဲ့သည်။ ထို့နောက် အမျိုးသမီးငယ်ရွယ်အဖွဲ့မှ "မြန်မာအမျိုးသမီးလေးပါ" သီချင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင်နှင့် နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြဇာတ်ဖြင့်လည်းကောင်း၊ သာယာဝတီနှင့် ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ ဘုရားကြီးမြို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အငြိမ့်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ (အမျိုးသမီး‌ရေးရာ အဖွဲ့ဝင်ရဲမေ)များနှင့် တောင်ငူခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက တေးသရုပ်ဖော်ဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။


ယင်းနောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်က ဖျော်ဖြေတင်ဆက်ပေးသည့် ဘုရားကြီးအငြိမ့်အဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ထုပ်ဆီးထိုးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ၊ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်နှင့် အဖွဲ့ဝင်များက ဖျော်ဖြေရေးအဖွဲ့များနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)