ပုံပါကျင် ၊ ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ နမ့်ချန်ရေထွက်တွင် ပုံပါကျင်မြို့နယ် ခွဲစည်ပင်သာယာရေးဌာနက ရေပိုက်သွယ်တန်းခြင်းနှင့် ရေတားတမံပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် မြေပြင်အခြေအနေကို ယမန်နေ့မွန်းလွဲ(၂)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုင်းတုံပြည်နယ် စည်ပင်သာယာရေးဌာနရုံး(ခွဲ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်း၊ လက်ထောက်အင်ဂျင်နီယာ ဦးပြည့်ဖြိုးအောင်နှင့် ပုံပါကျင်မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ တာ၀န်ခံ ဦးဇော်ထက်တို့အဖွဲ့သည် အမှတ်(၄)နှင့် အမှတ်(၅)ရပ်ကွက်ရေရရှိရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ ရေပိုက်သွယ်တန်းခြင်းနှင့် ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ နမ့်ချန်ရေထွက်မှ ဂါလန်(၈၀၀၀)ရေကန်သို့ ရေပိုက်သွယ်တန်းခြင်းနှင့် ရေတားတမံပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရမှထောက်ပံ့သည့် ငွေလုံး/ငွေရင်းရန်ပုံငွေဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အိအိဖြိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment