မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ



မောက်မယ်၊ ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အဆင့်မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က လူမှုဝန်ထမ်းဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် (၇)ရပ်၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မောက်မယ်မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းထားရှိပြီးကြောင်းဖြစ်သဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းလုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်၊ ဥပဒေအရာရှိ ဦးအောင်စိုးမိုးနှင့် မြို့မစခန်းမှူးက ဒုရဲမှူးသန့်ဇင်တို့က ကလေးအလုပ်သမားနှင့်ပတ်သက်ပြီး အသက်အပိုင်းအခြား၊ ကာလအပိုင်းအခြား၊ ကလေးတစ်ဦးတစ်ယောက်ဖြစ်ကြောင်း အထောက်အထားများ၊ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဥပဒေပုဒ်မများ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဟောပြောပွဲသို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်အား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။                              


စိုင်းမျိုးသန့်(မောက်မယ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)