ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အချင်းဖြစ်မြေနေရာတွင် နေထိုင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အချင်းဖြစ်မြေနေရာတွင် နေထိုင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း

vlcsnap-2024-06-14-10h25m17s756

vlcsnap-2024-06-14-10h25m28s691

vlcsnap-2024-06-14-10h25m36s970

ရုပ်သံကို Telegram တွင် ကြည့်ရှုရနိုင်ပါသည်။

https://t.me/MyanmarNationalPost/152165

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းမကြီးဘေးရှိ အချင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ တခြားသူတစ်ဦးမှ မြေချပါမစ် လျှောက်ယူရရှိသွားသည့်အပေါ် နေထိုင်သူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သို့ တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် Myanmar National Post သတင်းအေဂျင်စီသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

အိတ်ဖွင့်ပေးစာကို ဖော်ပြခဲ့ရာ မြေချပါပစ် ရရှိထားသူ ၏ အကျိုးဆောင်ရှေ့နေများက ကျူးကျော်နေထိုင်သူ (၉၉)ဦးအား တရားဝင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ပြီး ကျေကျေနပ်နပ် ဖယ်ရှား၍ လက်ရောက်ရယူထားသည်ဟူ၍လည်းကောင်း၊ Myanmar National Post က ဂုဏ်သရေပျက်စေရန် သတင်းမှားဖော်ပြသည်ဟုလည်းကောင်း နိုင်ငံတော်ပိုင်သတင်းစာများတွင် ကြောညာထားသည်ကို တွေ့မြင်ခဲ့ရပါသည်။

နေထိုင်သူများနှင့် တွေ့ဆုံမေးမြန်းမှုကို တာဝန်ရှိသူများနှင့် အများပြည်သူ သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အချင်းဖြစ်မြေနေရာတွင် နေထိုင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း


(Myanmar National Post အနေဖြင့် အိတ်ဖွင့်ပေးစာကို ဖော်ပြပေးခဲ့ခြင်းမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေရန် ရည်ရွယ်ဖော်ပြခြင်းမျိုးမဟုတ်ဘဲ တာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးရေးကိုသာ အလေးထား၍ ဖော်ပြပေးခဲ့ခြင်းဖြစ်ပါသည်။)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages