ဘိုကလေး၊ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းအနီး၊ တတိယလမ်းမပေါ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးဆိုင်းဘုတ်အား ယနေ့နံနက်(၈)နာရီအချိန်တွင် စိုက်ထူ၍ ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီမှူးရုံးမှ ဦးစီးအရာရှိဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုံညီစွာတက်ရောက်ကြပြီး အသိပညာပေးဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက ဆိုင်းဘုတ်အား အမွှေးနံသာရေများ ပက်ဖျန်းပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ဝေထားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်တွင်းသွားလာလှုပ်ရှားကြသည့် ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ်အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်မြို့နယ်လုံး၌ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment