ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့ဆေးရုံ ဝင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့် ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့ဆေးရုံ ဝင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့် ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



မြစ်ကြီးနား၊ ဇွန် ၂၉

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံပင်မဆောင်ရှေ့ မြေကွက်လပ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၈ ရက် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်က ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်(၉)ရပ်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်း လန်းစိုပြေရေး၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရန် ဆိုသည့် လုပ်ငန်းစဉ်အပေါ် ယနေ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကမ္ဘာမြေကြီး၏ ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်၊ သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရသကဲ့သို့ မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသက်ပန်ရေရှည် တည်တံ့ခိုင်မြဲစေဖို့ ရည်ရွယ်ပြီး ယနေ့ တက်ရောက်လာသူများအားလုံးက ပျော်ရွှင်စွာဖြင့် အတူတကွ စုပေါင်းစိုက်ပျိုးကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် စိုက်ပျိုးသွားမည့်ပျိုးပင်များအား ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် မိုးညှင်းခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌတို့ထံလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီးဒေါ်နန်ဆိုင်းက ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများထံလည်းကောင်း ဖြန့်ဝေပေးအပ် ခဲ့ကြသည်။

ထို့နောက် ဖြန့်ဝေပေးအပ်သည့် အရိပ်ရပန်းပင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဆေးရုံဝန်ထမ်းများက အရိပ်ရ အလှပန်းပင်တစ်မျိုးဖြစ်သည့် သပြေဘူတပင်(၁၀၀)ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ တာဝန်ရှိသူများနှင့်အတူ ပြည်သူ့ဆေးရုံဝင်းအတွင်း အထူးကုပြင်ပလူနာဌာန နှစ်ထပ်ဆောင်‌ရှေ့၌ ကျန်းမာရေးဝန်ကြီးဌာနရန်ပုံငွေဖြင့် ပြင်ပလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လည်းကောင်း၊ လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအားလည်းကောင်း အဆင်ပြေချောမွေ့စေရေးအတွက် ပင်မဆောင်ရှေ့တွင် အမိုးတိုးချဲ့တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးအမှတ် စဉ် (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မြေအသုံးချမှုများနှင့် စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းများအတွက် ဥပဒေနှင့်အညီ ခွင့်ပြု ချထားပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများအပေါ် ကော်မတီဝင်များအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အကြံပြုဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်အတွင်းမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင် ခွင့်ပြုရန်တင်ပြလျှောက်ထားလာသည့် လုပ်ငန်းစာတွဲများအလိုက် တစ်ခုချင်းစီကိုတင်ပြရာ တက် ရောက်လာကြသည့် ကော်တီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)