နေပြည်တော်၊ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇွန်လ ၁၉ ရက်နေ့ ၂၁၃၀ အချိန် ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၁)ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် ကျော်မြင့် မောင်းနှင်ပြီး ခန့်စည်သူကျော်(ခ)စည်သူ နှင့် မမို့မို့မြတ် တို့လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၆၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၁၂၀)၊ မြန်မာငွေကျပ် ၃ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကျော်မြင့်(၆၃)နှစ်၊ ခန့်စည်သူကျော်(ခ)စည်သူ(၂၄)နှစ် နှင့် မမို့မို့မြတ်(၃၁)နှစ်တို့အား ရေနီနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment