ပခုက္ကူမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး


ပခုက္ကူ၊ ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်အတွက် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်ချို၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော် ဦးဆောင်‌၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြေပြင်ကွင်းဆင်းဆောင်ရွက်‌ပေးကြရာ ယခုအခါ မြို့နယ်အတွင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားလုံးဝကိုင်ဆောင်ထားရှိခြင်းမရှိ‌သေးသည့် အသက်(၁၆)နှစ်နှင့်အထက် ပြည်သူ ၁၀၁၀ ဦးတို့အတွက် ရာနှုန်းပြည့်ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ Biometric Data(BID) ကတ်များကိုလည်း တစ်ပါးတည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)