မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဇီဝဓာတ်ငွေ့ ထုတ်လုပ်အသုံးပြုနိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဇီဝဓာတ်ငွေ့ ထုတ်လုပ်အသုံးပြုနိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




မကွေး၊ ဇွန် ၁၂

မကွေးတိုင်းဒေသကြီးအတွင်း ဇီဝဓာတ်ငွေ့ ထုတ်လုပ်အသုံးပြုနိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၀-၆-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးမြို့နယ်၊ ရှားဇောင်းကန်ကျေးရွာအုပ်စု  သံဘိုရွာသစ်ကျေးရွာတွင် နွာချေးမှတစ်ဆင့်  ထုတ်လုပ်ရရှိသော ဇီဝဓာတ်ငွေ့အားစတင်အသုံးပြုနေပြီ ဖြစ်ပါကြောင်း၊ နွာချေးမှ တစ်ဆင့်ထုတ်လုပ်ရရှိသော ဇီဝဓာတ်ငွေ့သုံးစွဲခြင်းဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုလျှော့ချနိုင်ခြင်း၊ လျှပ်စစ်မီးမရရှိသည့် နေရာများတွင် ထင်းမီးအစားထိုး ချက်ပြုတ်အသုံးပြုနိုင်သဖြင့် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ခြင်း၊ ဓာတ်ငွေ့ထုတ်လုပ်မှုမှ ထွက်ရှိလာသော နွားချေးသည် ဓာတ်ပြုထားသည့် သဘာဝမြေသြဇာဖြစ်၍ ပေါင်းပင်များ မပေါက်နိုင်သည့်အတွက် ပေါင်းရှင်းစရိတ် သက်သာခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် ဇီဝဓာတ်ငွေ့ ထုတ်လုပ်အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဇီဝဓာတ်ငွေ့ထုတ်လုပ်အသုံးပြုနိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မကွေးနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက ဇီဝဓာတ်ငွေ့ ထုတ်လုပ်အသုံးပြုနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ဇီဝဓာတ်ငွေ့ထုတ်လုပ်အသုံးပြုနိုင်ရေး မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)