မုဒုံမြို့ ရွှေကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများအား ဆုပေးအပ်ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့ ရွှေကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများအား ဆုပေးအပ်ဂုဏ်ပြုပွဲကျင်းပ





မုဒုံ၊ ဇွန် ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာရှိ ရွှေကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုပေးအပ်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်သည်။

ထို့နောက် မွန်ပြည်နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကြီးကြပ်ရေး အတွင်းရေးမှူး ဆရာတော်မှ ပညာရေးဆိုင်ရာများနှင့်ပတ်သက်၍ သြဝါဒကထာ ချီးမြှင့်တော်မူသည်။ ဆက်လက်၍ ဆရာတော်ကြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။  ယင်းနောက် ရွှေကျောင်းဦးစီးပဓာန ဆရာတော်ကြီးထံမှ အနုမောဒနာတရားဟောကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


အောင်မျိုးသူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)