ပျဉ်းမနားမြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

 


ပျဉ်းမနား၊ ဇွန် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၂)၊ ကျွန်းတော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ Theme Title မှာ Let’s act on our commitment End Child Labour (ကလေးအလုပ်သမားအဆုံးသတ်ရေး ကျွန်ပ်တို့၏ ကတိကဝတ်အတိုင်း ဆောင်ရွက်ကြပါစို့) ဖြစ်ပြီး မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းစဉ်များ အသိအမြင်ဗဟုသုတများကို အများပြည်သူ ပိုမိုသိရှိစေရန်အတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်ကောင်စီနယ်မြေရုံးမှ နေပြည်တော်ကောင်စီနယ်မြေစစ်ဆေးရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့  မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၂) ကျောင်းအုပ်ကြီး၊ နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ နေပြည်တော်လူမှုဖူလုံရေးအဖွဲ့၊ နေပြည်တော်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် နေပြည်တော်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မျိုးသီဟ(ပင်မုံန)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)