ဖြူး၊ ဇွန် ၁၉
ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပုဒ်မ(၃)အရ ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်နိုင်သည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အပိုင်းအခြား၊ ကာလသတ်မှတ်ချက်၊ စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည့် အကြောင်းအရာများ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များကို ရုံးရပ်ကွက်ရှိ ပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ရပ်ကွက်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment