အာဆီယံ-ဂျပန်စင်တာ၏ (၄၄) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ် အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-ဂျပန်စင်တာ၏ (၄၄) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ် အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက်



တိုကျို၊ ဇွန် ၂၁

အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Centre) ၏ (၄၄) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါ ကောင်စီဒါရိုက်တာ အစည်းအဝေးအား ဗီယက်နမ်နိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သူ Mr. Vu Ba Phu က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကောင်စီဒါရိုက်တာများ၊ ဂျပန်နိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် အနောက်တောင်အာရှရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Nakamura Ryo၊ အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ၊ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေး၊ ကုန်သွယ်ရေး နှင့်စက်မှုဝန်ကြီးဌာနနှင့် မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ကိုယ်စားလှယ် (၆၀) ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အာဆီယံ-ဂျပန်စင်တာမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ဘဏ္ဍာငွေလျာထားဆောင်ရွက်သွားမည့် အခြေအနေများ၊ အာဆီယံ-ဂျပန်စင်တာ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ-ဂျပန် စင်တာ အတွင်းရေးမှူးချုပ်အား လက်ရှိရာထူးတွင် ပြန်လည်ခန့်အပ်နိုင်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ အဓိကဆွေးနွေးခဲ့ကြသည်။

မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ၊ အာဆီယံ-ဂျပန်စင်တာ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ်အား လက်ရှိ ရာထူးတွင် ပြန်လည်ခန့်အပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)