ဒလမြို့နယ် အချင်းဖြစ်မြေနေရာတွင် ဒေါ်ခင်ခင်စိုး ခတ်ထားသော ခြံစည်ရိုးအား ဖျက်မိန့်ကျထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ် အချင်းဖြစ်မြေနေရာတွင် ဒေါ်ခင်ခင်စိုး ခတ်ထားသော ခြံစည်ရိုးအား ဖျက်မိန့်ကျထားကြောင်း သိရ


ဒလ၊ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ် (၂၂၉) အချင်းဖြစ်မြေနေရာတွင် ဒေါ်ခင်ခင်စိုး ခတ်ထားသော ခြံစည်ရိုးအား (၁၉-၆-၂၀၂၄) ရက်နေ့ နောက်ဆုံးထား ဖျက်ပေးရန် ရန်ကုန်မြို့တော်စည်ပင်မှ ညွှန်ကြားထားကြောင်း သိရသည်။

အချင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ Myanmar National Post သို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့သည့် စက်မှုလုပ်ငန်း လုပ်ကိုင်သူ ဦးရဲမင်းသူ က ဒလမြို့နယ်စည်ပင်သို့ သွားရောက်မေးမြန်းခဲ့ခြင်းနှင့် ပတ်သက်၍ "ကျွန်တော် ဒလမြို့နယ်စည်ပင် ကို ထပ်မံသွားရောက်မေးမြန်းခဲ့ပါတယ်။ အဲဒီက သိခဲ့ရတာကတော့ အင်ဂျင်နီယာဌာန (အဆောက်အဆုံ) ကနေ ဒလမြို့နယ် စည်ပင်သာယာရေးကော်မတီကို ဒေါ်ခင်ခင်စိုးရဲ့ ခြံစည်းရိုးခတ်ခြင်းအမိန့်ကို ၁၉-၆-၂၀၂၄ ရက်နေ့မှာ ဖျက်သိမ်းပေးဖို့ စာထုတ်ထားတာ တွေ့ခဲ့ရပါတယ်။ ၁၉-၆-၂၀၂၄ နောက်ဆုံးထား မဖြတ်ပေးပါက တရားစွဲမယ်လို့ ဒလမြို့နယ်အင်ဂျင်နီယာဌာန အဆောက်အအုံမှ ဝန်ထမ်း ဒေါ်သဉ္ဇာသိမ့် မှပြောကြားခဲ့ပါတယ်။ ဖျက်သိမ်းပေးဖို့ပြန်ကြားထားတဲ့ စာရွက်ကိုတော့ဓာတ်ပုံရိုက်ခွင့်လည်းမပေးပါဘူး။ မိတ္တူကိုလည်း ပထမ ပိုင်းမှာ ပေးမယ်လို့‌‌ပြောပြီး စာရိုက်တဲ့အခန်းထဲ ကိုရောက်ပြီးမှ aeoတို့ကို ဖုန်းလှမ်းခေါ်ပြီး ထိုလူတစ်စုရောက်ရှိချိန်မှာ မပေးနိုင်တော့ဘူးလို့ ပြောပါတယ်။ ကျွန်တော်မှ တနေရာရာမှာ ဖြန့်ဝေးပေးဖို့ အများပြည်သူ သိအောင် ဖြန့်ဝေဖို့ပြောပါတယ်။ AEO ဆိုတဲ့ ပုဂ္ဂိုလ်က ဟင်းရွက်ကန်စွန်းရောင်းသလို လုပ်လို့မရကြောင်းပြောပါတယ်။" ဟု Myanmar National Post သို့ ဆက်သွယ် ပြောဆိုသည်။

ဦးရဲမင်းသူ မိသားစုအပါအဝင် အချင်းဖြစ်နေရာတွင် စက်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ကြသူများအနေဖြင့် သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ တရားဝင်ပိုင်ဆိုင်မှု (ဂရန်) ချထားပေးနိုင်ရေး လျှောက်ထားတင်ပြခဲ့ကြပြီး ယနေ့တိုင် ဂရန်အမည်ပေါက် ရရှိခြင်း မရှိဘဲ ဒေါ်ခင်ခင်စိုး ဆိုသူက အဆိုပါ မြေနေရာကို ၂၀၂၂ က ပါမစ် ရသွားခဲ့ကြောင်း သိရသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အပြောင်းအလဲဖြစ်ပေါ်လာပြီး ၂၀၂၁-၂၀၂၂ ကာလများတွင် ဦးရဲမင်းသူတို့ မိသားစုက တရားဝင်ပိုင်ဆိုင်မှု ဂရန်လျှောက်ထားရန် ဌာနဆိုင်ရာများသို့ စုံစမ်းခဲ့ရာ ဂရန်ပိတ်ထားသည့်အတွက် လျှောက်ထားနိုင်ခဲ့ခြင်း မရှိဘဲ ဒေါ်ခင်ခင်စိုးနှင့် ပြဿနာပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အချင်းဖြစ်မြေနေရာအား အင်အားသုံး၍ ခြံစည်းရိုးလာခတ်ခြင်းအပေါ် ဦးရဲမင်းသူ တို့ က (၃)ကြိမ်တိုင်တိုင် ကန့်ကွက်ထားသည်။

အိတ်ဖွင့်ပေးစာအား Myanmar National Post က ဖော်ပြခဲ့သည့်အပေါ် ဒေါ်ခင်ခင်းစိုး ငှားရမ်းထားသည့် ရှေ့နေများက အချင်းဖြစ်မြေနေရာမှ ကျူးကျော်နေထိုင်သူ (၉၉)ဦးအား တရားဝင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြေရှင်းပြီး လက်ရောက်ရယူထားပါသည် ဟူ၍လည်းကောင်း၊ မြန်မာနေရှင်နယ်ပို့စ် ၏ အိတ်ဖွင့်ပေးစာ ဖော်ပြချက်အား သတင်းမှားဖြစ်သည် ဟူ၍လည်းကောင်း နိုင်ငံတော်ပိုင် သတင်းစာတွင် (၁၂-၆-၂၀၂၄) ရက်နေ့က ကြေညာခဲ့ပါသည်။

အချင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနေသည့် အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများမှ ဖြေကြားပေးနိုင်ပါရန် Myanmar National Post က မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)