လူငယ်၊ လူရွယ်များ ဗလငါးတန် တိုးပွား‌စေရန်အတွက် ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်၊ လူရွယ်များ ဗလငါးတန် တိုးပွား‌စေရန်အတွက် ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ




ကန်ကြီးထောင့်၊ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန် တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၁) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲနိုင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၂) ဦးလှမြင့်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်တင်မေသန်းက ကျောင်းသား/ကျောင်းသူများအား စာပေနှင့် မကင်းကွာ စေရေး၊ အသိပညာဗဟုသုတများအား ရှာဖွေကာကြိုးစားကြစေရေး အစရှိသည်များအား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်အေးမွန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-12 မှ မောင်တိမ်ယံလင်းက စည်းလုံးညီညာအောင်ကြောင်းဖြာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 11မှ မောင်ရာကျော်အေးက စာကြည့်တိုက်မှာ ပညာရှာခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade 12 မှ မဝကြည်မြင့်အေးက စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 12 မှ မမြတ်ဆုမွန်က မူးယစ်ဆန့်ကျင်အောင်ပွဲဆင် ခေါင်းစဉ်ဖြင့်လည်းကောင်း စသည်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး BookClub အဖွဲ့ အတွင်းရေးမှူး ဦးသန့်ဇင်ဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်စန်းစန်းဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့  မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်ဇင်စိုး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)