သီပေါမြို့မှ စာသင်သား ကိုရင်များ ဆွမ်းကိစ္စအခက်ကြုံ၍ နေရပ်ပြန်ကြရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့မှ စာသင်သား ကိုရင်များ ဆွမ်းကိစ္စအခက်ကြုံ၍ နေရပ်ပြန်ကြရ

 



သီပေါ၊ ဇွန် ၂၉

ရှမ်းပြည် (မြောက်ပိုင်း)တွင် TNLA အကြမ်းဖက်အဖွဲ့က ၂၅-၆-၂၀၂၄ ရက်နေ့ကစ၍ အကြမ်းဖက်လုပ်ရပ်များ ပြန်လည်လုပ်ဆောင်လာခြင်းကြောင့် ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ရသည်။

သီပေါ၊ နောင်ချို၊ ကျောက်မဲတို့တွင် TNLA/PDF အကြမ်းဖက်သမားများက လမ်းတံတားများကို ဖျက်ဆီးခြင်းကြောင့် သီပေါမြို့ စာသင်တိုက်များတွင် စာလိုက်နေကြသော စာသင်သား ကိုရင်များမှာ ဇွန်လ ၂၇ ရက်နေ့မှ စ၍ မိမိနေရပ်ကို ပြန်နေကြရကြောင်း ဒေသခံသတင်းများအရ သိရသည်။

"သီပေါက ကိုရင်လေးတွေ ကိုယ့်ရွာကိုယ် ပြန်ကြရတယ်။ ရေဟော် ဘုန်းကြီး စာသင်တဲ့ကျောင်းက။ ကိုရင် အပါး ငါးရာ လောက်ရှိတယ်။ ခုတော့ စားသောက်ဖို့ ခက်ခဲကုန်ကြပြီလေ။ ရွာဝေးရွာနီး အဆင်ပြေသလောက် ပြန်ပို့ကြရတာ" လို ဒေသခံ အမျိုးသမီး တယောက်က ပြောသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)