လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး




လားရှိုး၊ ဇွန် ၁၈

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနလက်အောက်ရှိ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ရှမ်း(မြောက်)၊ လားရှိုးမြို့ရှိ တာဝန်ရှိသူများ ပါဝင်သော စစ်ဆေး ရေးအဖွဲ့များသည် ယမန်နေ့က လားရှိုးမြို့ပေါ်ရှိ  စက်သုံးဆီ အရောင်းဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချခြင်း၊ အခြင်အတွယ် ပြည့်မီမှန်ကန်မှု၊ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း၊ အများပြည်သူသို့ အဆင်ပြေစွာရောင်းချခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် ပုံး/ခွက်များဖြင့် တဆင့်ရောင်းချမှုမရှိစေရေးတို့အား ရှောင်တခင်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် သတ်မှတ်ချက်များအတိုင်းရောင်းချခြင်းရှိ/မရှိကို အခါအားလျော်စွာ ရှောင်တခင် စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။


စိုင်းထွန်း (လားရှိုး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)