လားရှိုးမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ အပင်ပေါင်း ၁၁၀၀ စိုက်ပျိုးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ အပင်ပေါင်း ၁၁၀၀ စိုက်ပျိုးခဲ့

 



လားရှိုး   ၊  ဇွန် ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက လားရှိုးမြို့၊ ရေကန်တောင်၊ လွယ်ငူးကြိုးဝိုင်းတွင် ကျင်းပခဲ့သည်။

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းကအဖွင့်အမှာစကားပြောကြားရာ လားရှိုးမြို့တွင် ၂၀၂၁ ခုနှစ်မှစတင်ပြီး နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလာခဲ့သည်မှာ (၆၇)ကြိမ်ရှိခဲ့ပြီး ပျိုးပင်ပေါင်း (၃၈၀၂၈)ပင် အောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေပြီး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် လူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲများကျင်းပခြင်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ သစ်တောဦးစီးဌာန၊ တွဲဖက်ပြည်နယ်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးနှင့်တာဝန်ရှိသူတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်များကို  သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများထံ ပေးအပ် သည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သစ်တော ဝန်ထမ်းများ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှသင်တန်းသူများ၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များနှင့်‌ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား၊ မယ်ဇလီ၊ရေသင်းဝင်၊ စိန်ပန်းပြာ၊ ရေတမာ၊ ခါတော်မီ၊ ယမနေ၊ ချယ်ရီနှင့်ခရေပင် အပင်ပေါင်း (၁၁၀၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။


စိုင်းထွန်း (လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)