မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အမှတ်စဉ် (၁/၂၀၂၄) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ် (၂/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အမှတ်စဉ် (၁/၂၀၂၄) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ် (၂/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်



မော်လမြိုင်၊ ဇွန် ၁၃

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အမှတ်စဉ် (၁/၂၀၂၄) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အမှတ်စဉ် (၂/၂၀၂၄)  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်သည့် ​ပြည်နယ်တစ်ခုဖြစ်ပြီး လူတို့၏ နေ့စဉ်ဘဝတွင် စားရေရိက္ခာသည် အရေးကြီးပြီး စားနပ်ရိက္ခာကို အထောက်အကူပြုရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စိုက်ပျိုးလယ်ယာမြေများအား ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အထူးအလေး ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ တိုးပွားလာသော လူဦးရေအတွက် လိုအပ်လျက်ရှိသော စားနပ်ရိက္ခာများအတွက် လယ်ယာမြေများကို အကျိုးရှိစွာအသုံးပြုရန် လိုအပ်သကဲ့သို့ စိုက်ပျိုးလုပ်ကိုင်၍ရရှိမည့် လယ်လှပ်မြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား တိုးချဲ့ဖော်ထုတ်စိုက်ပျိုးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရရှိဘဲ အခြားနည်းအသုံးပြုမှုများနှင့် ပတ်သက်၍ သတ်မှတ်ထားရှိသော SOP နှင့် အညီ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် မြို့နယ် စောင့်ကြည့်စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ လျှောက်ထားသည့် လုပ်ငန်းစာတွဲများ၊ လယ်ယာမြေ ဥပဒေနှင့်အညီ လျှောက်ထားသည့် လုပ်ငန်းစာတွဲများနှင့် အယူခံမှုများနှင့် ပတ်သက်၍ ဥပဒေနှင့် အညီ စစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် ကော်မတီအဖွဲ့များမှ ဝိုင်းဝန်း ဆွေးနွေးပေးကြရန်​ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေရိုင်းမှ လယ်ယာမြေသို့ ပြောင်းလဲရန်လျှောက်ထားခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရာက်လာကြသည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဝင်များနှင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)