စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းအပ်လက်ခံခြင်းနှင့် သင်ကြားမှုစတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းအပ်လက်ခံခြင်းနှင့် သင်ကြားမှုစတင်ဆောင်ရွက်




စစ်ကိုင်း၊ ဇွန် ၅

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၃- ၂၀၂၄၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ (ပထမပညာသင်ကာလ) ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် (ဒုတိပညာသင်ကာလ)သတင်းပို့ လက်ခံခြင်းကို မေ(၂၃)ရက်နေ့မှ စ၍စတင်လက်ခံ ဆောင်ရွက်ပေးနေလျက်ရှိကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တာဝန်ရှိသူများက စာသင်ကြားနေမှုအခြေအနေနှင့် ကျောင်းတက်ရောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များစီမံ ဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးခဲ့ကြသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့အထိ စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၂၄၄၁)ဦးရှိပြီး လက်ရှိကျောင်းတက်ရောက်မှုဦးရေမှာ (၅၁၀)ဦးရှိကြောင်း အဆိုပါ တက္ကသိုလ်စာရင်းများအရ သိရသည်။


ဇော်မြင့်နိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)